ချောက်  ၁  ဖေဖော်ဝါရီ    

 

မကွေးတိုင်းဒေသကြီး ချောက်မြို့အမှတ်(၄)ရပ်ကွက် အုံမြားစု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ယနေ့ နံနက်က မြို့နယ်အဆင့် ၂ လမှ ၄ လအရွယ် ကလေးငယ်များ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေး ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး တိုက်ကျွေးခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

 

2

 

မြို့နယ်အဆင့် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးကျော်ဆွေဝင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ချိုချိုမာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အမျိုးသမီးရေးရာဥက္ကဋ္ဌ၊ မြို့နယ်ကြက်ခြေနီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကာကွယ်ဆေးတိုက်ကျွေးမည့် ကလေးမိခင်များတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

 

8

 

ထိုသို့ဆောင်ရွက်ခြင်းနှင့်အတူ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်များရှိ မွေးကင်းစမှ (၅)နှစ်အတွင်း ကလေးငယ်များ ကိုယ်ဝန်ဆောင်မိခင်များအားလုံး ပုံမှန်ကာကွယ်ဆေးထိုးရန်၊ သံချဆေးနှင့် ဗီတာမင်အေဆေးတို့ကို တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်မိုး(ပြန်/ဆက်)