ညောင်ဦး  ၁ ဖေဖော်ဝါရီ      

 

ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်()ရပ်ကွက်ရှိ မဏိစည်သူ စည်ပင်သာယာဈေးကြီးအား  မီးဘေးလုံခြုံစေရေးအတွက် ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများအား မီးဘေးဇာတ်တိုက် လေ့ကျင့်မှု ပညာပေးသရုပ်ပြပွဲကို ဖေဖော်ဝါရီ ရက်  မွန်းလွဲ နာရီက အဆိုပါ စည်ပင်သာယာဈေးအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

2

 

မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှု ပညာပေးသရုပ်ပြပွဲတွင် ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မြေ() တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးမြင့်ခိုင်က ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရန်ကိစ္စရပ်များ၊ မီးသတ်ဆေးဘူးဖြင့် စနစ်တကျ ကိုင်တွယ်မီးငြှိမ်းသတ်နည်းများ၊ မီးဘေးအန္တရာယ် ကြုံတွေ့ပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ခြင်းနှင့် အကူအညီရယူဆောင်ရွက်ရန် ကိစ္စများကို ပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

 

6

 

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မဏိစည်သူစည်ပင်သာယာဈေး အတွင်းအပြင်ရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံမှုနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားမှု ရှိ/ မရှိ၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက ဈေးရေလှောင်ကန်များတွင် ရေများဖြည့်တင်းထားမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး ဈေးဆိုင်ခန်းတာဝန်ရှိသူများကို မီးဘေးလုံခြုံရေး လိုက်နာဆောင်ရန် ဆွေးနွေးမှာကြားခဲ့သည်။

 

၎င်းနောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဈေးမီးဘေးလုံခြုံရေး အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဖိတ်ကြားထားသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို မီးသတ်ဆေးဘူးဖြင့် စနစ်တကျ ကိုင်တွယ်မီးငြှိမ်းသတ်နည်းများ၊ မီးငြှိမ်းသတ်ယာဉ်ဖြင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြငြှိမ်းသတ်ခြင်းများကို ပညာပေးပြုလုပ်ဆောင်ရွက်ပြသရာ တက်ရောက်လာကြသူများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)