သုဝဏ္ဏဝတီ ၁ ဖေဖော်ဝါရီ

 

ဖေဖော်ဝါရီ ၁ ရက် နံနက် ၁ နာရီခန့်က မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက် မင်းတဲစုပိုင်း မီးရထားလမ်းဘေးတွင် နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက် လောင်ကျွမ်းခဲ့ရာ ‌လူနေအိမ် ၁၁ လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

 

mdn

 

ဖြစ်စဉ်မှာ ဦးရွှေဟန် (အသက်-၈၂ နှစ်) ၏ သွပ်မိုးအောက်တွင် ဖက်ခံထားသော ပျဉ်ထောင်ပျဉ်ခင်း နေအိမ်မီးဖိုချောင်ရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် ၁၁ လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

mdn

 

မီးလောင်ရာသို့ သထုံခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်ကားများ၊ သုဝဏ္ဏဝတီမြို့ရှိ အရန်မီးသတ်တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် သွပ်မိုးထရံကာအိမ် ၂ လုံး၊ ဖက်မိုးထရံကာ ၉ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

 

mdn

 

မီးလောင်မှုကြောင့် လူဦးရေ စုစုပေါင်း ၅၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ကလေးငယ် ၁၀ ဦးခန့်ပါဝင်ကြောင်းသိရ၍ ပြည်နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ သထုံခရိုင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရို ဒေါ်စန်းစန်းဝင်း၊ တာဝန်ရှိသူများ၊ သုဝဏ္ဏဝတီမြို့ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဝင်း၊ သိမ်ဆိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း၊ ဒေသခံအလှူရှင်တို့က မီးဘေးသင့်ပြည်သူများအား ခေတ္တနားခိုရာ အောင်ဇဗ္ဗူကျောင်းတိုက်၌ ယင်းနေ့ ၁၁ နာရီက လိုအပ်သော ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

     

ခွန်(ဝင်းပ)

 

mdn