နေပြည်တော် ၁ ဖေဖော်ဝါရီ

 

Coronavirus Phishing Scam များနှင့်ပတ်သက်၍ Myanmar Computer Emergency Response Team မှ ယနေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၃၀ ရက်က Coronavirus ကူးစက်မှုများ ပျံ့နှံ့လာသည်နှင့်အမျှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ရောဂါဖြစ်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ခဲ့ပါကြောင်း။

 

ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Mimecast က ရှာဖွေတွေ့ရှိထားသည့် “Singapore Specialist: Corona Virus Safety Measure” အမည်ဖြင့် အီးမေးလ်တစ်စောင်တွင် အဖျက်အမှောင့် လုပ်ဆောင်ချက်များပါသော Link များနှင့် PDF ဖိုင်များပါရှိပြီး Wuhan coronavirus ကူးစက်ခြင်းမှ မိမိကိုယ်ကို မည်သို့ကာကွယ်ရမည်ဆိုသည့် အချက်ဖြင့် Wuhan coronavirus နှင့်ပတ်သက်၍ လူတို့၏ စိုးရိမ်ကြောင့်ကြမှုကို အသုံးချ၍ မသမာသူများမှ အီးမေးလ်ကမ်ပိန်းများပြုလုပ်ကာ ကွန်ပျူတာသုံးစွဲသူများ၏ အကောင့်များကို ခိုးယူရန်ကြိုးစားခြင်း၊ Spyware များ ဖြန့်ဖြူးရန် ကြိုးစားခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း။

 

သို့ဖြစ်ပါ၍ အလားတူအီးမေးလ်မျိုး ရရှိပြီး မသင်္ကာဖွယ်ရာ Link များ၊ Attachment များပါရှိပါက ဖွင့်မကြည့်ကြရန်နှင့် မိမိတို့၏ Antivirus များကို နောက်ဆုံးအခြေအနေအထိ Update ပြုလုပ်ထားရန် သတိပေးနှိုးဆော်အပ်ပါကြောင်း ပါရှိသည်။

 

MDN

# Myanmar Computer Emergency Response Team - Mmcert