ဖားဆောင်း  ၂  ဖေဖော်ဝါရီ

 

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် နှစ်စဉ်ရေအခက်အခဲ ကြုံတွေ့နေရသည့် မော်ချီးဒေသ (လိုခါးလို၊ မော်ချီးတောင်ပေါ်၊ မော်ချီးအောက်) ကျေးရွာသုံးရွာတွင် ရာသီမရွေး ရေလုံလောက်စွာရရှိရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာရေပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးထွန်းချစ်၊ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးစောဇံ၊ ဘောလခဲခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်သန်းတို့က ပြည်နယ်အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၁၀၂၇ ဒသမ ၄၅ သန်းဖြင့် မော်ချီးဒေသ (လိုခါးလို၊ မော်ချီးတောင်ပေါ်၊ မော်ချီးအောက်) ကျေးရွာသုံးရွာ ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၈ ဒသမ ၈၆ သန်းဖြင့် လိုခါးလိုကျေးရွာရှိ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြသခဲ့သည်။

 

အဆိုပါလုပ်ငန်းများ ပြီးစီးပါက မော်ချီးဒေသ ကျေးရွာသုံးရွာရှိ အိမ်ခြေ ၂၅၀ဝ ခန့်၊ လူဦးရေ ၉၀ဝ၀ ခန့်ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

မေဇင်