ပုလဲ  ၂  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုံတောင်ဒေသ မိုးကောင်းကျေးရွာ၌ ကျောက်တလုံး ချောင်းကူးသံကူကွန်ကရစ်တံတားသစ် တည်ဆောက်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက မြေနေရာရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ  ကျောက်တလုံး ချောင်းကူးတံတားသစ်သည် အလျား ပေ ၄၀၊ အကျယ် ပေ ၂၀၊ အမြင့် ပေ ၁၈ ရှိ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ဖေဖော်ဝါလအတွင်း စတင်ဆောင်ရွက်မည်ဖြစ်ကာ တံတားပြီးစီးပါက မိုးကောင်းကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် မိုးရာသီတွင် အခက်အခဲမရှိ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတားကို မိုးကောင်းကျေးရွာမှ အလှူရှင် ဦးညွှန့်ရွှေမိသားစု၏ မတည်လှူဒါန်းငွေကျပ် သိန်း ၅၀၀ နှင့် ကျေးရွာသူ ကျေးရွာသားများ၏ လုပ်အားဒါနပါဝင်မှုဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းခန့်စိုး(ဇေယျာမြေ)