နေပြည်တော် ၂ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့်အတူ ကိုရီးယားကြက်ခြေနီလူငယ်များသည် ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ ကျိုက်အင်း အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။

 

ကိုရီးယားကြက်ခြေနီလူငယ်များသည် ရိုးရာယဉ်ကျေးမှုများ ဖလှယ်ခြင်း၊ စုပေါင်းကစားခြင်း၊ မျက်နှာဆေးခြယ်ခြင်း၊ ကလေးများကိုယ်တိုင်ရေးဆွဲသည့် ရုပ်ပုံများကို ရင်ထိုးတံဆိပ်ပြုလုပ်ပေးခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးဝေခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု လက်တွေ့လုပ်ဆောင်ပြခြင်းတို့ကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ပျော်ရွှင်စွာ စုပေါင်းလုပ်ဆောင်ခဲ့ကြသည်။

 

ကိုရီးယားလူငယ်ကြက်ခြေနီအသင်းသည် ၂၀၁၈ ခုနှစ်တွင် ကျိုက်အင်း မူ/လွန်ကျောင်းတွင် လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဂျိုင်းလော