စစ်ကိုင်း ၂ ဖေဖော်ဝါရီ
စစ်ကိုင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီ ၉ ရက် ည ၆ နာရီတွင် ကျင်းပပြုလုပ်မည့် ကာယဗလမောင်၊ သက်ကြီးမောင်နှင့် သက်ကြီးအလေးမပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက စစ်ကိုင်းမြို့ ရွှေဟင်္သာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်ကာယဗလနှင့် ကာယကြံ့ခိုင်မှုကော်မတီ နာယကဦးစိုးမြင့်က မိတ်ဆက်စကား ပြောကြားပြီး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြိုင်ပွဲကျင်းပသွားမည့် အစီအစဉ်များနှင့် ပြိုင်ပွဲရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကာယဗလမောင်ပြိုင်ပွဲကို လူငယ်/လူရွယ်များ လမ်းမှားသို့ ရောက်ရှိမသွားဘဲ အားကစားဘက်ကို စိတ်ဝင်စားလာအောင်နှင့် သက်ကြီးပိုင်းအရွယ်များ အနေဖြင့်လည်း စိတ်ဓာတ်ကျဆင်းမှုတွေ မဖြစ်ရအောင် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ နာယကနှင့် အဖွဲ့များ၊ မြို့မိ/မြို့ဖအဖွဲ့များ၊ မြို့တော် အထောက်အကူပြုအဖွဲ့များ၊ ပြိုင်ပွဲနည်းပြဆရာများနှင့် ပြိုင်ပွဲဝင်အသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)