တာချီလိတ်   ၂ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု မယ်လိတ်ပါကော်ကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အထောက်အကူပြု ယန်းကျောက်-ဝှေလေလန် ကတ္တရာလမ်းသစ်ကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

 

အဆိုပါ ယန်းကျောက်-ဝှေလေလန် ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျော်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်နှင့် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ Pilot Project အဖြစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၁၃၁ ဒသမ ၃၇၈ သန်းဖြင့် မူလမြေသားလမ်း (/)မိုင်အား ကတ္တရာလမ်း (/)မိုင်အဖြစ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သည့် ယန်းကျောက်-ဝှေလေလန် ကတ္တရာလမ်းသည် မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ် လမ်းမကြီးနှင့် မယ်ယန်း- ပဆာ- စံဖူးလမ်းမကြီးတို့ကို ချိတ်ဆက်သွားလာနိုင်ပြီး ကျေးရွာအုပ်စု နှစ်အုပ်စု၊ ကျေးရွာ ကိုးရွာ၊ အိမ်ခြေ ၁၃၀၉ နှင့် လူဦးရေ ၇၆၄၈ ဦးတို့အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

တာချီလိတ်ခရိုင်(ပြန်/ဆက်)