ညောင်ဦး   ၂  ဖေဖော်ဝါရီ     

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လယ်ကန်ကျေးရွာအနီးတွင် ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် အလှူရှင်များ ပူးပေါင်းပြီး ရှေးဟောင်းဘုရားစေတီများ ပြန်လည်ပြုပြင်မွမ်းမံ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်းမှ ဘုရားစေတီများ ပြုပြင်မွမ်းမံရာတွင် အသုံးပြုနိုင်ရန်အတွက် မီးသတ်ရေယာဉ် တစ်စီးဖြင့် ရေဂါလန် ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ညောင်ဦးမြို့နယ် လယ်ကန်ကျေးရွာအနီးရှိ ပြုပြင်မွမ်းမံနေသည့် ဘုရားစေတီများသည် ပုဂံခေတ် အေဒီ (၁၃)ရာစုခန့်က ဘုရားစေတီများဟု ခန့်မှန်းသိရှိရပြီး စုစုပေါင်း ဘုရားစေတီ ၁၁ ဆူခန့်ရှိကြောင်းနှင့်  ယင်းဘုရားစေတီများကို ရဟန်းရှင်လူပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ပြန်လည်ပြုပြင် မွမ်းမံနေခြင်းဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)