ဘားအံ  ၂ ဖေဖော်ဝါရီ 

ကရင်ပြည်နယ်၊ ဘားအံမြို့၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၏ တတိယအကြိမ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို  ဖေဖေါ်ဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီခွဲက နည်းပညာအထက်တန်းကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

a

 

စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသည့်အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး တက်ရောက်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်) ကျောင်းအုပ်ကြီး ဒေါ်ကြည်ကြည်ချိုက စိုက်ပျိုးရေးဒီပလိုမာကို အပ်နှင်းသည်။

ဘားအံမြို့ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)ကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်၍ တတိယအကြိမ် ဒီပလိုမာလက်မှတ်အပ်နှင်းပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဒီပလိုမာအောင်မြင်သူ(၇၃)ဦးကို ဒီပလိုမာလက်မှတ် အပ်နှင်းခဲ့ပြီး ယနေ့ထိ ဒီပလိုမာလက်မှတ်ရကျောင်းဆင်း အလယ်အလတ်ဆင့် စိုက်ပျိုးရေးပညာရှင် ၂၁၀ ဦးကို  မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)