မိုင်းယောင်း  ၃ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် အမှတ်(၆)ရပ်ကွက် နောင်ရှဲန်အောက်ရွာတွင် နွေရာသီကာလအတွင်း ရေပြတ်လတ်မှုမရှိစေရေးနှင့် ရေလုံလောက်စွာ ရရှိရေးအတွက် စိမ့်စမ်းရေ သွယ်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ စိမ့်စမ်းရေသွယ်ယူရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။

 

မိုင်းယောင်းမြို့နယ် နောင်ရှဲန်အောက်ရွာရှိ အိမ်ထောင်စုများသည် နွေရာသီကာလရောက်တိုင်း ရေပြတ်လတ်မှုနှင့် ရေမလုံလောက်သည့် အခက်အခဲများကို ကြုံတွေ့နေရသဖြင့် စိမ့်စမ်းရေ ထပ်မံသွယ်ယူရခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးထံမှ သိရသည်။

 

အားချာ(ပြန်/ဆက်)