မိတ္ထီလာ ၃ ဖေဖော်ဝါရီ
အန္တရာယ်ကင်းစွာ ရွှေ့ပြောင်းသွားလာခြင်းနှင့် ရွှေ့ပြောင်းလုပ်သားများအတွက် လုံခြုံစိတ်ချရသော လုပ်ငန်းခွင်များ ဖြစ်ပေါ်လာရေး စီမံချက်မိတ်ဆက်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မိတ္ထီလာမြို့ ဟိုတယ်ထီလာခန်းမ၌ ကျင်းပခဲ့သည်။
“အန္တရာယ်ကင်းစွာ ရွှေ့ပြောင်းသွားလာခြင်းနဲ့ ရွှေ့ပြောင်းလုပ်သားများအတွက် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင် ဖြစ်ပေါ်လာစေရန်၊ အလုပ်သမား အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ ဥပဒေများ၊ သတင်းအချက်အလက်များကို သိရှိပြီး ကောင်းမွန်တဲ့ လုပ်ငန်းခွင် ဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်းနဲ့ လုံခြုံစိတ်ချရတဲ့ လူမှုဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရန် စသည့် ရည်ရွယ်များနဲ့ ဒီစီမံချက်ကို ဆောင်ရွက်တာဖြစ်ပြီး စီမံချက်အကြောင်းကို မိတ္ထီလာမြို့နယ်အတွင်းမှာ ရွေးချယ်ဆောင်ရွက်မယ့် စီမံကိန်းဝင် ကျေးရွာ ၁ဝ ရွာက ဒေသခံတွေနဲ့ တာဝန်ရှိသူတွေကို ဒီနေ့ပွဲမှာ မိတ်ဆက်ရှင်းလင်းတာ ဖြစ်တယ်” ဟု အဆိုပါ စီမံချက်ဆိုင်ရာ စီမံကိန်းမန်နေဂျာ ဒေါ်ဖြိုးက ပြောသည်။
အဆိုပါ စီမံချက်မိတ်ဆက်ပွဲသို့ ခရိုင်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Actionaid Myanmar မှာ တာဝန်ရှိသူများ၊ ထန်းတော၊ ကျောက်အိုး၊ အင်ပင်ဝ၊ ရွာသစ်၊ ဆွာတော၊ ခံပင်အိုင်၊ တဲလှ စသည့်ကျေးရွာများမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အန္တရာယ်ကင်းစွာ ရွှေ့ပြောင်းသွားလာခြင်းနှင့် ရွှေ့ပြောင်းလုပ်သားများအတွက် လုံခြုံစိတ်ချရသော လုပ်ငန်းခွင်များ ဖြစ်ပေါ်လာရေးစီမံချက်ကို Action aid Myanmar က ဦးဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)