နေပြည်တော် ၃ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများကို ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ Glorious Hotel ၌ကျင်းပသည်။
အသိပညာပေးဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက အမှာစကားပြောကြားပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်က ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားကာ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဟိုတယ်ဝန်ထမ်းများ၊ စည်ပင်သာယာရေး လိုင်စင်ရတည်းခိုခန်းပိုင်ရှင်များနှင့် ဝန်ထမ်းများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သန့်ဇော်
