နေပြည်တော် ၃  ဖေဖော်ဝါရီ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အင်္ဂလန်နိုင်ငံ Tropical Health and Education Trust (THET) မှ အမှုဆောင်အရာရှိချုပ်နှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် အင်္ဂလန်နိုင်ငံ THET အဖွဲ့၏အမှုဆောင်အရာရှိချုပ် Mr. Ben Simms က အင်္ဂလန်နှင့် မြန်မာနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများစွာ ဆောင်ရွက်လျက်ရှိပြီး ယခုအခါမြန်မာနိုင်ငံအပါအဝင် (၁၀)နိုင်ငံတွင် DFID အထောက်အပံ့ဖြင့် လီဗာပူးလ်အပူပိုင်း ဆေးပညာကျောင်း (Liverpool School of Tropical Medicine) နှင့် THET အဖွဲ့တို့က ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် UK Partnerships for Health Systems Programme (UK PHS) စီမံကိန်းကို (၂၀၂၀မှ၂၀၂၃) ခုနှစ်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

‌ေ

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အင်္ဂလန်နိုင်ငံမှ အကူအညီပေးလျက်ရှိသည့် စီမံချက်များသည် မိမိတို့နိုင်ငံအတွက် အလွန်ကောင်းမွန်ပြီး အကျိုးရှိသည့် စီမံချက်များဖြစ် သဖြင့် မိမိအနေဖြင့်အလေးအနက်ထား၍ ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် ဦးစားပေး ဆောင်ရွက်လိုသည့်နယ်ပယ် (၂)ခုမှာ ကုသရေးနှင့်ပတ်သက်လျှင်လူနာများ ဘေးကင်းလုံခြုံ ရေး (Patient Safety) နှင့် ပြည်သူ့ကျန်းမာရေးနယ်ပယ်တွင် လုပ်ငန်းများအကဲဖြတ်ဆန်းစစ် သည့် စနစ်အားကောင်းရေးပင်ဖြစ်ပါကြောင်း၊ DFID ၏ရန်ပုံငွေများ ထောက်ပံ့ပါဝင်သော Access to Health ရန်ပုံငွေဖြင့်ပြည်နယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နေပါကြောင်း၊ ဤနေရာတွင် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၏ အခန်း ကဏ္ဍသည် အရေးကြီးပါကြောင်း၊ ၎င်းတို့၏အရည်အသွေးတိုးတက်လျှင် အရည်အသွေးမီ ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်မည်ဖြစ်သဖြင့် ၎င်းတို့အားစွမ်းဆောင်ရည် မြှင့်တင် ပေးရန် လိုအပ်ပါကြောင်း၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ (Diaopor) အတွက်မိမိတို့ စဉ်းစားဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

(သတင်းစဉ်)