(၃-၂-၂၀၂၀ ရက်နေ့၊ ည (၉း၀၀) နာရီ)

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ (၃၀-၁-၂၀၂၀) ရက်နေ့တွင် ရောက်ရှိခဲ့သော အသက် (၃၂) နှစ်အရွယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသားတစ်ဦးသည် ကိုယ်အပူချိန်အနည်းငယ်မြင့်မားခြင်းနှင့် လည်ချောင်းနာခြင်းတို့ဖြစ်ပွားသဖြင့် ယနေ့ (၃-၂-၂၀၂၀) ရက်နေ့တွင် ပုဂ္ဂလိကဆေးခန်းတစ်ခုသို့ သွားရောက်ပြသခဲ့ပြီး အဆိုပါဆေးခန်းမှ လှိုင်သာယာပြည်သူ့ဆေးရုံသို့ ညွှန်းပို့ခဲ့ရာ ဆေးရုံရှိ သီးခြားခန်း (isolation room) တွင်ထားရှိ၍ ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် စမ်းသပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

 

ယင်းနောက် ၎င်းအမျိုးသားအား လှိုင်သာယာပြည်သူ့ဆေးရုံမှ ဝေဘာဂီအထူးကုဆေးရုံသို့ စနစ်တကျလွှဲပြောင်း၍ (person under investigation) အဖြစ် သတ်မှတ်ထားရှိပြီး ဆေးရုံရှိ သီးခြားခန်း (isolation room) တွင်ထားရှိကာ ကုသပေးလျက်ရှိပါသည်။ လူနာ၏ အခြေအနေမှာ (ယနေ့၊ ညနေ စစ်ဆေးချက်များအရ) တည်ငြိမ်ကောင်းမွန် (stable) လျက်ရှိပါသည်။

 

Ref : Ministry of Health and Sports, Myanmar