ကျိုက်မရော ၄  ဖေဖော်ဝါရီ    

  

မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်မီးသတ်ဦးစီးဌာနရုံး၌ ပထမအကြိမ် (၁၀)မြို့နယ် ထမနဲထိုး ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။ အဆိုပါ ထမနဲထိုးပြိုင်ပွဲကို ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဝန်ထမ်း အချင်းချင်း ရင်းနှီးချစ်ခင်မှု ရှိစေရန်အတွက် ရည်ရွယ်၍ ထမနဲထိုးပြိုင်ပွဲ၌ မြို့နယ်(၁၀)ခုရှိ မြို့နယ် မီးသတ်တပ်ဖွဲ့ဝန်ထမ်းများ ဝင်ရောက်ယှဉ် ပြိုင်စေခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးတင်အောင်နီက ရှင်းပြသည်။

 

96

 

ယနေ့ ကျင်းပြုလုပ်သော  (၁၀)မြို့နယ်ထမနဲထိုးပြိုင်ပွဲတွင် ပထမဆုကို ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကရရှိခဲ့ပြီး နှစ်သိမ့်ဆုများကို မော်လမြိုင်၊ မုဒုံ၊ ချောင်းဆုံ မီးသတ်ရုံးများမှ ရရှိခဲ့ကာ မြိုနယ်များအားတာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

876666666666666

 

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)