မန္တလေး ၄ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E Mr. Scot Marciel နှင့် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရင်းရင်းနှီးနှီး လက်ခံတွေ့ဆုံ နှုတ်ဆက်သည်။
ထိုသို့ တွေ့ဆုံရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)