နေပြည်တော် ၄ ဖေဖော်ဝါရီ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်းသည် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံဆိုင်ရာ ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Paul Scully MP ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူမှု့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
သတင်းစဉ်