ရန်ကုန် ၄ ဖေဖော်ဝါရီ

 

မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လက်ရှိဆောင်ရွက်ဆဲနေရာများတွင် လုပ်ငန်းများပြီးစီးပြီဖြစ်၍ ဆောင်ရွက်ရန်ကျန်ရှိသော နေရာများတွင် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့ပတ်ရထားများ၏ အချိန်စာရင်းကို ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

 

ဒီလ ရက်နေ့ကစပြီး ရန်ကုန်မြို့ပတ်ရထားတွေရဲ့ အချိန်စာရင်းကို ပြောင်းလဲပြီးပြေးဆွဲမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ နေ့စဉ်သွားလာနေတဲ့ ခရီးသွားပြည်သူတွေသိအောင် အသိပေးခြင်းဖြစ်ပါတယ်။ လက်ရှိက ၁၈၃ ခေါက် ပြေးဆွဲနေပါတယ်။ အချိန်စာရင်းပြောင်းလိုက်ရင် အဲဒီထက်နည်းနည်းလျော့ပြီး ၁၆၈ ခေါက်ပြေးဆွဲပေးမှာပါဟု ရန်ကုန်ဘူတာကြီး၌ ယနေ့ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာမီးရထားမန်နေဂျာ (သွားလာရေး/တိုင်း ) ဉီးဇော်လွင်က ပြောသည်။

 

ယခင်က လမ်းပိုင်းအလိုက်ပိတ်၍ အဆင့်မြှင့်တင်ပြုပြင်ခြင်းဆောင်ရွက်သဖြင့် လမ်းပိုင်းအတိုများတွင်သာ အဓိကထားပြေးဆွဲခဲ့ရာမှ ယခုအခါတွင် လက်ဝဲရစ် လက်ယာရစ်မြို့ပတ်စနစ်များ ပြန်လည်ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

 

တညင်းကုန်း Level Crossing ကလည်း ပြီးသွားပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ မြို့တစ်ပတ်လုံးပတ်တဲ့စနစ်ကို ပြန်ပြီး ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။ မြို့တစ်ပတ်လုံးပတ်တဲ့ရထားက စီမံကိန်းမစတင်ခင်မှာ လက်ယာရစ်က ၁၁ စီးရှိပြီး လက်ဝဲရစ်က စီး စုစုပေါင်း ၁၉ စီးရှိပါတယ်။ လက်ရှိစီမံကိန်းဆောင်ရွက်ဆဲ ကာလမှာ မြို့ပတ်စနစ်ကို ယာယီရပ်ဆိုင်းထားခဲ့ပြီး ဖေဖော်ဝါရီ ရက်နေ့ ပြင်ဆင်ပြေးဆွဲမည့်ရထား အချိန်စာရင်းမှာ မြို့တစ်ပတ်လုံးပတ်နိုင်သည့် ရထားများက လက်ယာရစ် စီးနှင့် လက်ဝဲရစ် စီး စုစုပေါင်း စီးဟာ မြို့တစ်ပတ်လုံး ပတ်ပေးနိုင်မှာဖြစ်ပါတယ်ဟု ဉီးဇော်လွင်က ပြောသည်။

 

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နေရာပြောင်းလဲ ဆောင်ရွက်မည်ဖြစ်သောကြောင့် မူလရထားအချိန်စာရင်းနှင့် တစ်ထပ်တည်းကျမည်မဟုတ်ဘဲ အချိန်အနည်းငယ် အပြောင်းအလဲရှိလာမည်ဖြစ်ပြီး သက်ဆိုင်ရာဘူတာများတွင် ရထားရောက်ရှိချိန် ထွက်ခွာချိန်များကို ရထားစီးခရီးသည်များ မြင်သာအောင် ကြေညာပေးထားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိကာလ အဆင့်မြှင့်တင် ပြုပြင်လျက်ရှိသည့် လမ်းပိုင်းများအနေဖြင့် ကြည့်မြင်တိုင်-ဘုရားလမ်း (အပြင်လမ်း) တညင်းကုန်း-မင်္ဂလာဒုံ (အပြင်လမ်း) ပုရွက်ဆိတ်ကုန်း-ရေကူး (အတွင်းလမ်း)တို့ဖြစ်ပြီး လက်ဆက်ပြုပြင် ဆောင်ရွက်မည့်လမ်းပိုင်းများမှာ ကြည့်မြင်တိုင်-ဘုရားလမ်း (အပြင်လမ်း)နှင့် ပုရွက်ဆိတ်ကုန်း-ပုဇွန်တောင် (အပြင်လမ်း)တို့ဖြစ်ကြောင်း သိရသည်။

 

ရထားအချိန်စာရင်း ပြောင်းလဲပြေးဆွဲမည့်လမ်းပိုင်းများမှာ ရန်ကုန်မြို့ပတ်နှင့် လှော်ကားလမ်းပိုင်းဖြစ်ပြီး တိုးကြောင်ကလေး၊ ရွာသာကြီး၊ ဒဂုံတက္ကသိုလ်၊ အုတ်ဖိုစု၊ အရှေ့ပိုင်းတက္ကသိုလ်လမ်းပိုင်း ဆင်ခြေဖုံးရထားများမှာ အချိန်စာရင်းပြောင်းလဲမှုရှိမည် မဟုတ်ကြောင်း သိရသည်။ ရန်ကုန်မြို့ပတ်ရထာလမ်းမိုင် ၂၉. မိုင် (အစုန်-အဆန် မိုင်ပေါင်း ၆၀ နီးပါး) ရှိသည့်အနက် အဆင့်မြှင်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ကျန် ၁၈. မိုင် ကျန်ရှိကြောင်း သိရသည်။

 

စီမံကိန်းဆောင်ရွက်ပြီးစီးပါက မူလက တစ်ရက်လျှင် ခရီးသည်ဉီးရေ ၇၃၀၀၀ စီးနင်းရာမှ ၂၆၀၀၀၀ ခန့်အထိ တိုးတက်လာရန် မျှော်မှန်းထားကြောင်း သိရသည်။ ရထားအမြန်နှုန်းကို လက်ရှိ တစ်နာရီ ၂၅ မိုင်နှုန်းမှ ၃၇ မိုင်နှုန်းအထိ အရှိန်မြှင့်မောင်းနှင်နိုင်ရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး ရန်ကုန်မြို့တစ်ပတ် ကြာချိန်ကို နာရီ မိနစ် ၅၀ မှ နာရီ မိနစ် ၅၀ အထိ အချိန်လျော့ချပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်းကာလကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အထိ မျော်မှန်းထားပြီး ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်သည့် လုပ်ငန်းများအားလုံးကို ဇူလိုင်လကုန်ခန့်တွင် အပြီးဆောင်ရွက်သွားနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ - ထိန်လင်း