ကြာအင်းဆိပ်ကြီး ၅ ဖေဖော်ဝါရီ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးလျော့ကျလာစေရေး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်မှုလျော့ပါးလာစေရေးအတွက် ကြိုတင် ကာကွယ် နိုင်စေရန် ရည်ရွယ်ပြီး သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက အဖွင့်အမှားစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိနန်းဟီးနင်ဇီရမ်က ဦးစီးဌာနအနေဖြင့် ဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများ ရည်ရွယ်ချက်များနှင့် သင်တန်းများ ဖွင့်လှစ်ပို့ချပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းသားများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဦးစီးအရာရှိ နန်းဟီးနင်ဇီရမ်တို့က သင်တန်း အထောက်အကူပြု ပစ္စည်းများပေးအပ်သည်။၎င်းသင်တန်းကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ လူငယ်မောင်မယ် ၃၀ တက်ရောက်ပြီး သင်တန်းကို ဖေဖေါ်ဝါရီ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ သုံးရက်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦးပြန်/ဆက်