ကျောက်မဲ ၅ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ အောင်မင်္ဂလာ ကျန်းမာရေးစောင့်ရှောက်မှု ပရဟိတအသင်းမှ ယမန်နေ့ ည ၇ နာရီက ရှမ်းကျောင်းကြီး ဘုန်းတော်ကြီးကျောင်းသို့သွားရောက၍ သံဃာအပါး ၃၀ဝခန့်ကို ကျန်းမာရေးစစ်ဆေးပေးပြီး အထူးအစီအစဉ်အနေဖြင့် ပွေး၊ ဝဲ၊ ယားနာရောဂါများ ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မင်္ဂလာ ကျန်းမာရေးစောင့်ရှောက်မှု ပရဟိတအသင်းမှ အခမဲ့ ဆေးပေးခန်းများ ဖွင့်လှစ်ထားသည့်အပြင် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ အချုပ်ခန်းများသို့ လစဉ်သွားရောက်၍ အခမဲ့ ကျန်းမာစောင့်ရှောက်မှု လုပ်ငန်းများ ပုံမှန်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပွေး၊ ဝဲ၊ ယားနာ ရောဂါဖြစ်ပွားသူများပြားလာသည်ကို တွေ့ရှိရ၍ အထူးအစဉ်ဖြင့် ယခုကဲ့ ကုသပေးရခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကျောက်မဲမြို့ပေါ်တွင်ရှိသည့် ဘုန်းတော်ကြီးကျောင်း (၃၇) ကျောင်းမှ သံဃာတော်အပါး (၁၅၀ဝ) ကျော်နှင့် အချုပ်ခန်းရှိ အချုပ်သားများအား အထူးအစီအစဉ်အနေဖြင့် ပွေး၊ ဝဲ၊ ယားနာရောဂါများ ဆက်လက်ကွင်းဆင်းကုသပေးမည်ဖြစ်ကြောင်း အောင်မင်္ဂလာ ကျန်းမာရေး စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ၏ ပြောကြားချက်အရသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)