၅ ဖေဖော်ဝါရီ

 

ကင်ညာနိုင်ငံကို ၂၄ နှစ်ကြာ အုပ်ချုပ်ခဲ့သော သမ္မတဟောင်း ဒန်နီယယ်အာရပ်မွိုင် အသက် ၉၅ နှစ်သည် ယမန်နေ့က ကွယ်လွန်သွားကြောင်း ဖော်ပြထားသည်။

 

သမ္မတ  အူဟူရူ ကင်ယတ်တာ က ဒန်နီယယ်အာရပ်မွိုင်သေဆုံးကြောင်း ကြေညာခဲ့သည်။

 

ဒန်နီယယ်အာရပ်မွိုင်သည် ဗြိတိန်နိုင်ငံလက်အောက်မှ ကင်ညာနိုင်ငံ လွတ်လပ်ရေးလှုပ်ရှားမှုများမပြုလုပ်ရ သေးမီအချိန် ၁၉၆၃ ခုနှစ်တွင် ကျောင်းဆရာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

 

ထို့နောက် သူသည် ကင်ညာနိုင်ငံ၏ ဒုတိယ သမ္မတ ဖြစ်လာခဲ့ပြီး ၂၀၀၂ ခုနှစ်ထိ ၎င်းတာဝန်ထမ်းဆောင်ခဲ့သည်။

 

ကင်ညာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများနှင့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့သည့်အတွက် ဒန်နီယယ်အာရပ်မွိုင်ကို ထောက်ခံသူများက ချီးကျူးခဲ့ကြပြီး ဝေဖန်သူများက ၎င်းကို အာဏာရှင်အစိုးရဟု ခေါ်ဆိုကြသည်။

 

၁၉၈၂ ခုနှစ်တွင် ကင်ညာနိုင်ငံကို တစ်ပါတီစနစ်ဖြင့် အကျိုးရှိရှိလုပ်ဆောင်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဉပဒေကို ပြင်ဆင်ခဲ့သည်။

 

၁၉၉၁ ခုနှစ်တွင် ပါတီစုံစနစ်ကို ပြန်လည်အသက်သွင်းခဲ့သော်လည်း ဒန်နီယယ်အာရပ်မွိုင်၏ အုပ်ချုပ်မှုအောက်တွင် လူမျိုးရေး အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုတို့ကြောင့် ရွေးကောက်ပွဲများ ထိခိုက်စေခဲ့သည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို