နေပြည်တော် ၅ ဖေဖော်ဝါရီ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် Hanns Seidel Foundation မှ Resident Representative Mr. Achim Munz ၊ Myanmar Responsible Tourism Initiative (MRTI) ဥက္ကဋ္ဌ ဦးညွန့်ဝင်းနိုင်နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးရှိသော ခရီးသွားလုပ်ငန်းဖြစ်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနနှင့် Hanns Seidel Foundation တို့အကြား သဘောတူညီမှု စာချုပ်လက်မှတ်ရေးထိုး ဆောင်ရွက်မှု၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ Conference on Communities and Tourism အခမ်းအနားကျင်းပရေး ဆောင်ရွက်နေမှု၊ နိုင်ငံတကာခရီးသွားပြပွဲများသို့ သွားရောက်၍ မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင် ဆောင်ရွက်နေမှုနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်