နေပြည်တော် ၅ ဖေဖော်ဝါရီ
????-???? ????? ??????????? ??????? ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ည ၇ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့ပြီး အပြည့်အစုံမှာ ဖော်ပြပါအတိုင်းဖြစ်သည်-
၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် 2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိုင်ပေသို့ (၁၅-၁-၂၀၂၀) ရက်နေ့မှ (၃၀-၁-၂၀၂၀) ရက်နေ့အထိ သွားရောက်ခဲ့သည့် မင်္ဂလာဒုံမြို့နယ်မှ အသက် (၂) နှစ်အရွယ် ကလေး (ကျား) တစ်ဦးနှင့် ၎င်း၏ အသက် (၂၄) နှစ်အရွယ် မိခင်တို့သည် ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများဖြင့် ပုဂ္ဂလိကဆေးရုံတစ်ခုသို့ (၅-၂-၂၀၂၀) ရက်နေ့တွင် သွားရောက်ပြသခဲ့ရာ ၎င်းဆေးရုံမှ ရန်ကင်းကလေးဆေးရုံကြီးသို့ ညွှန်းပို့လွှဲပြောင်းကုသခဲ့ပါသည်။ ၎င်းတို့အား ဆေးရုံ၌ စစ်ဆေးရာတွင် အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိခဲ့ပါ။ အဆိုပါလူနာ (၂) ဦးအား စောင့်ကြပ်ကြည့်ရှု ကုသမှုများပေးလျက်ရှိပြီး ၎င်းတို့ထံမှ ဓာတ်ခွဲနမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ပါသည်။
၃။ ယနေ့ (၅-၂-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ သံသယလူနာ (၂) ဦးအပါအဝင် လူနာ (၁၀) ဦးတို့အား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။
Source: Ministry of Health and Sports, Myanmar