ညောင်လေးပင် ၅ ဖေဖော်ဝါရီ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော မြန်မာနိုင်ငံတွင် စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်းအရ ကျေးရွာအရောက်ဖြန့်ဖြူးခြင်းကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်း ကျေးရွာများ၌ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

67820

 

ညောင်လေးပင်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း (၂၅)အုပ်စု၊ ကျေးရွာခွဲပေါင်း (၅၆)ရွာတွင် စွမ်းအားမြင့် မီးဖိုအလုံးပေါင်း (၈၈၄၀)ဖြန့်ဖြူးရန် လျာထားခဲ့ပြီး ပထမနှစ် စီမံကိန်းအရ စွမ်းအားမြင့် မီးဖိုအလုံးပေါင်း (၄၄၂၀)ကို  ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ ကျေးရွာအုပ်စုပေါင်း (၁၇)အုပ်စု၊ ကျေးရွာခွဲပေါင်း (၂၈)ရွာတွင် အိမ်ထောင်စုပေါင်း (၄၄၂၀)အတွက် စွမ်းအားမြင့်မီးဖိုများအား သုံးစွဲမည့်သူများထံ လက်ဝယ်အရောက် ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နေလင်း(ညောင်လေးပင်)