ကွမ်းခြံကုန်း  ၆ ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အိမ်တိုင်း၊ ကားတိုင်း မီးဘေးအန္တရာယ် ကင်းဝေးစေရန် မီးသတ်ဆေးဘူး ထားရှိစေရေး ဆောင်ရွက်လျှက်ရှိရာ ကွမ်းခြံကုန်း-လှိုင်သာယာ ပြေးဆွဲနေသော YBS-49 အမြန်ယာဉ်ငယ်အသင်းအား မီးသတ်ဆေးဘူးများ ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့သည်။

 

852

 

အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမြန်ယာဉ်ငယ်အသင်းဥက္ကဋ္ဌနှင့် ယာဉ်မောင်းများ တက်ရောက်ကြပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်သူထိုက်က မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်နေသည်များကို တင်ပြခဲ့သည်။

 

1236

 

ထို့နောက် YBS-49 အမြန်ယာဉ်ငယ်အသင်းမှ ကားအစီး(၅၀)အား မော်တော်ယာဉ်တိုင်း 2Kg မီးသတ် ဆေးဘူးထားရှိနိုင်ရေး စည်းရုံးဆောင်ရွက်ပေးသော အမြန်ယာဉ်ငယ်အသင်းဥက္ကဋ္ဌ ဦးမျိုးသန့်ချိုအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာ‌ပေးအပ်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက အမြန်ယာဉ်ငယ်အသင်း ယာဉ်မောင်းများအား မီးသတ်ဆေးဘူးများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းစိုး(ရွှေခြံမြေ)

 

1236