ဝန်းသို ၆ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကံကုန်းကျေးရွာ၌ စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဉီးစီးမှုးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီအချိန်၌ ကွင်းဆင်းတိုင်းတာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက် ဦးစီးမှုး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းများ၊ အုပ်စု အုပ်ချုပ်ရေးမှုးနှင့် ကျေးရွာရေကော်မတီဝင်များက စိမ့်စမ်းရေရရှိနိုင်မည့် ရေအရင်းအမြစ်နေရာတွင် တိုင်းတာဆောင်ရွက်ခဲ့ကြသည်။

ကံကုန်းကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းကို ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၂ ဒသမ ၆၁ သန်းဖြင့် ရေပိုက်သွယ်တန်းခြင်း၊ ရေစုကန်နှင့် ရေလှောင်ကန်များ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)
