လွိုင်ကော်   ၆  ဖေဖော်ဝါရီ

 

လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်မီးသတ်စခန်းနှင့် (၃)မိုင်အကွာခန့်ရှိ နမ့်ဘော်ဝမ် (က)ရပ်ကွက်၊ ခရိုင်ရေအရင်းအမြစ်အသုံးချရေး ဦးစီးဌာနဝန်းအတွင်းရှိ ဒေါ်ငြိမ်းအိဖြူ ရုံးအကူ၏ (၃၆×၁၈)ပေ ပျဉ်ကာ၊ သွပ်မိုး၊ မြေစိုက် (၂)ခန်းတွဲ (၁)ထပ် ဝန်ထမ်းနေအိမ်သည် ယနေ့နံနက် ဝ၀ နာရီ မိနစ် ၃၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

အဆိုပါ ဝန်ထမ်းနေအိမ်မီးလောင်နေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ တယ်လီဖုန်းဖြင့် (ဝ၀)နာရီ (၃၅)မိနစ်အချိန် မီးသတင်းပေးပို့လာသဖြင့် ပြည်နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၃၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀)တို့ဖြင့် သွားရောက်ငြှိမ်းသတ်သည်။

 

ဖြစ်စဉ်မှာ ခရိုင်ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနဝန်းအတွင်းရှိ ဒေါ်ငြိမ်းအိဖြူ ရုံးအကူ နေထိုင်သော ဝန်ထမ်းနေအိမ်တွင် လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားခဲ့ရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး သတင်းပေးပို့ချက်အရ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးလောင်ရာနေရာသို့ နံနက် (ဝ၀)နာရီ မိနစ် ၄၀ တွင်ရောက်ရှိခဲ့ရာ နံနက် (ဝ၀)နာရီ (၄၅)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၁)နာရီအချိန်တွင်း မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် (၃၆ x ၁၈)ပေ ပျဉ်ကာ၊ သွပ်မိုး၊ မြေစိုက် (၂)ခန်းတွဲ (၁)ထပ် (၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

           

ကိုစိုင်း (လွိုင်ကော်)