ပုသိမ်  ၆  ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး အဆောက်အဦသစ် ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ အဆောက်အဦသစ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ‌ဦးအောင်ကျော်ခိုင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ လွှတ်တော်ရုံး ကမ္ဗည်းမှတ်တမ်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ လွှတ်တော်ရုံးအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

mdn

 

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်က ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်(၂.၈)ဘီလီယံနှင့် မြေသားဖို့ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ Transformer နှင့် မီးစက်လုပ်ငန်းများ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လွှတ်တော်ကိုယ်စားလှယ် တည်းခိုဆောင်(၂)ဆောင်၊ နှစ်ထပ်အိမ်ရာ တစ်လုံး၊ လေးခန်းတွဲနှစ်ထပ်အိမ်ရာ နှစ်လုံး၊ ရေရရှိရေး၊မီးရရှိရေး၊ လမ်း၊ တံတား၊ ရေမြောင်း ကားပါကင်နှင့် မြေထိန်းနံရံလုပ်ငန်းများ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် (၂၀၈)ဘီလီယံ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် (၂.၉)ဘီလီယံကုန်ကျခဲ့ကြောင်း၊ လွှတ်တော်အဆောက်အဦ လှပတင့်တယ်စွာ တည်ဆောက်ပြီးစီးလာတာကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘတ်ဂျက်ခွင့်ပြုငွေများ ချထားပေးခြင်း၊ လွှတ်တော်တည်ဆောက်ရေး ကော်မတီဝင်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကုမ္မဏီများ၊ P M Team နှင့် လွှတ်တော်ရုံးအဖွဲ့များအားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့လို့ အောင်မြင်တာဖြစ်ကြောင်း၊ မှတ်တမ်းတင်ကြောင်း ဂုဏ်ပြုပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်နယ်များမှ လွှတ်တော်ရုံးအကြီးအကဲများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

သတင်း-မောင်မောင်မြင့်၊ဝင်းကြိုင်

ဓာတ်ပုံ-စိုးမင်းဦး(ပြန်/ဆက်)

 

mdn