မဘိမ်း  ၆  ဖေဖော်ဝါရီ    

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် (၇၃)နှစ်မြောက် ပြည်ထောင်စု နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်/ဓာတ်ပုံနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁ဝ နာရီက မဘိမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအ ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

 

52

 

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းက (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

 

36

 

အဆိုပါ ပန်းချီပြိုင်ပွဲသို့ မဘိမ်းမြို့ အ.ထ.ကမှ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၂၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲမှဆုရရှိသူများကို (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဆုများ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

ဆက်လက်၍ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်/ဓာတ်ပုံနှင့် စာအုပ်ပြပွဲကို ကျင်းပရာ ပြပွဲတွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှု မှတ်တမ်းဓာတ် ပုံများ၊ မြို့နယ်တွင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ Corona Virus အသိပညာပေး စာစောင်များနှင့် သုတ/ရသ စာအုပ်များကို ပြသထားရာ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

 

ထိန်လင်းဦး(ပြန်/ဆက်)

 

25962