အုတ်ဖို ၆ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင်Climate Change Center (CCC) နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စွမ်းအားမြှင့်မီးဖိုများအခမဲ့ ဖြန့်ဖြူးခြင်းကို ဖော်ဖော်ဝါရီလ (၄)ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စွမ်းအားမြှင့်မီးဖိုများအား သစ်တောပြုန်းတီးမှု ကာကွယ်နိုင်ရေး၊ ထင်းသုံးစွဲမှု လျှော့ချနိုင်ရေး၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ဖြန့်ဖြူးရခြင်း ဖြစ်ကြောင်း ပထမအဆင့်အနေဖြင့် အုတ်ဖိုမြို့နယ်အတွင်းရှိ လျှက်စစ်မီးမရရှိသေးသည့် ကျေးရွာအုပ်စု (၁၁)အုပ်စုမှ ကျေးရွာခွဲ(၆၃)ရွာအတွက် မီးဖိုအလုံးရေ(၈၂၃၅)လုံးကို ကျေးများသို့အရောက် အခမဲ့ ပေးအပ်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုဝင်းထံမှ သိရသည်။
အောင်သူ(အုတ်ဖို)