ပုဗ္ဗသီရိ   ၆   ဖေဖော်ဝါရီ           

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော 2019 Novel Coronavirus (အဆုတ်ရောင်ရောဂါ) ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက  ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)၌ ကျင်းပသည်။        

 

4

 

အခမ်းအနားတွင် ဗဟိုအဆင့်ဆေးရုံများ ကွက်ကဲရေးမှူး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)ဆေးရုံအုပ်ကြီး ဒေါက်တာယဉ်သန္တာလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေါက်တာငြိမ်းချမ်းအောင်က  ရောဂါကူးစက်မှု ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ကြရန်နှင့် ကိုယ်ခံအား ကောင်းမွန်စေရန်အတွက် အာဟာရပြည့်ဝစွာစားသုံးခြင်း၊ ကောင်းစွာ အိပ်စက်အနားယူခြင်းများ ပြုလုပ်သင့်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှုကိုလည်း ဂရုပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားသည်။ ထိုနောက် သူနာပြုအုပ် ဒေါ်တိုးတိုးဝင်းက နှာချေ ချောင်းဆိုးပြီးချိန်တိုင်းနှင့် အများသုံးအရာဝတ္ထုပစ္စည်းများကို ထိတွေ့ကိုင်တွယ်ပြီးချိန်တိုင်းတွင် လက်ကို စနစ်တကျဆေးကြောကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပုံနှင့် လက်ကိုစနစ်တကျ ဆေးကြောပုံ ဆေးကြောနည်းများကို လက်တွေ့သရုပ်ပြ၍ ရှင်းလင်းပြောကြားခဲ့သည်။

 

82

          

နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ ကိုရိုနာဗိုင်းရစ် သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာရှိလူနာများ ရောက်ရှိလာပါက စောင့်ကြည့်စစ်ဆေးရန်နှင့် လူနာများအား ကုသပေးနိုင်ရန်အတွက် သီးခြားလူနာခန်းများကိုလည်း ကြိုတင်စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)