ကော့ကရိတ် ၆  ဖေဖော်ဝါရီ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ဖြစ် ဗိုလ်ချုပ်ပုံတူပန်းချီရေးဆွဲပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

 

ပြိုင်ပွဲတွင် ကော့ကရိတ်မြို့ပေါ် အထက်တန်း အလယ်တန်းဆင့်ကျောင်းသူကျောင်းသား(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကိုလာမည့် ဖေဖော်ဝါရီ(၁၃)ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ကော့ကရိတ်ပြန်ဆက်)