ရွှေတောင် ၆ ဖေဖော်ဝါရီ
ရွှေတောင်မြို့စာပေချစ်သူများအသင်း(Book Club)၏ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖတ်ညွှန်းဝတ္ထုတို ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲကို ဖေဖော်ဝါရီ ၆ ရက်နံနက်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပသည်။
ပြိုင်ပွဲတွင် စာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ ဒေါ်ခင်ယုနိုင်က ပြိုင်ပွဲများပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများက မိမိတို့ နှစ်သက်ရာ ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဝတ္ထုတိုပြိုင်ပွဲတွင် ၂၇ဦး၊ ကဗျာပြိုင်ပွဲတွင် ၉ ဦးနှင့် ဆောင်းပါးပြိုင်ပွဲတွင် ၈ ဦး စုစုပေါင်း ၄၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဆုရရှိသူများကို ဖေဖော်ဝါရီ ၁၀ ရက်တွင် လယ်တီခန်းမ၌ ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


