ငါ့သရောက်    ၆   ဖေဖော်ဝါရီ       

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းရုံး၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ခံ လျှပ်စစ်အင်ဂျင်နီယာ ဦးထန်လျန်းမာန် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်း ပွင့်လင်းရာသီကာလ ဓာတ်အားပျောက်ဆုံးမှုလျော့နည်း ကျဆင်းစေရန်နှင့် ပြည်သူများ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ရည်ရွယ်၍ ဖေဖော်ဝါရီ ၆ ရက်၊ ယနေ့ နံနက်ပိုင်းက ငါ့သရောက်မြို့၊ အမှတ်(၄)သိမ်တော်ရပ်ကွက်သို့ သွားရောက်ပြီး ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု ၁၅ အုပ်စု၊ ကျေးရွာပေါင်း ၃၂ ရွာရှိကာ ကျေးလက်နေပြည်သူများ ၂၄ နာရီ လျှပ်စစ်မီးအသုံးပြုနိုင်ရေးအတွက် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ တာဝန်ခံလျှပ်စစ်အင်ဂျင်နီယာ ဦးထန်လျန်းမာန်နှင့် ဝန်ထမ်းများအဖွဲ့က ဘဏ္ဍာနှစ်အလိုက် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး လျှပ်စစ်မီးရရှိပြီးသည့် ရပ်ကွက်များနှင့် ကျေးရွာများမှ ဒေသခံပြည်သူများ ပွင့်လင်းရာသီကာလတွင် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို လစဉ်ကွင်းဆင်းစစ်ဆေး ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

 

‌ေ

 

ယနေ့ နံနက်ပိုင်းက ငါ့သရောက်မြို့တွင်း၌ ဖြန့်ဖြူးပေးထားသော လျှပ်စစ်ဓာတ်အားလိုင်းများအား  တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုချိန်ကာလ ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရန်နှင့် ပွင့်လင်းရာသီကာလ ဓာတ်အားပျောက်ဆုံးမှု မရှိစေရေး ငါ့သရောက်မြို့၊ အမှတ်(၄)သိမ်တော်ရပ်ကွက်သို့ သွားရောက်ပြီး ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးကာ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင် ၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း ငါ့သရောက်မြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ခံလျှပ်စစ်အင်ဂျင်နီယာ ဦးထန်လျန်းမာန်ထံမှ သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)