နေပြည်တော်  ၆   ဖေဖော်ဝါရီ  

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး Mr. Christian LECHERVY နှင့် IDEMIA ကုမ္ပဏီမှ Vice President of Global Sales, Mrs. Sabine DOMINGET တို့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။    

 

a

 

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ e-Government စနစ် အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် e-Government ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု၊ e-Government စနစ်အကောင်အထည်ဖော်နိုင်ရန် ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်သည့် e-ID စနစ်အတွက် e-ID စနစ်လုပ်ငန်းကော်မတီ ဖွဲ့စည်းဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နိုင်ငံအတွင်းနေထိုင်သူအားလုံးကို  Biographic နှင့်  Biometric Data များကောက်ယူ၍ လူတစ်ဦးချင်းစီအား Unique ID နံပါတ်တစ်ခုစီ သတ်မှတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည့်အစီအစဉ်၊ ယင်းလုပ်ငန်းစဉ် ဆောင်ရွက်ရန် မြန်မာနိုင်ငံနှင့် ဩစတြီးယားနိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်၍ လုပ်ငန်းဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ ယခုအခါ ပြင်သစ်နိုင်ငံမှ စီးပွားရေး၊ ကျန်းမာရေးနှင့် နည်းပညာဆိုင်ရာတို့မှ ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက်လေ့လာမှုနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှု၊ ယင်းကုမ္ပဏီအသီးသီးမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင် နယ်ပယ်စုံ၊ ကဏ္ဍစုံမှ ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့်အခြေအနေ၊ ယင်းကုမ္ပဏီများအနက် IDEMIA ကုမ္ပဏီမှ အခြား နိုင်ငံများ၌ နည်းပညာဆိုင်ရာလုပ်ငန်းများတွင် ပံ့ပိုးကူညီဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ e-Government စနစ် အောင်မြင်ရေးနှင့် e-ID၊ e-passport ဆိုင်ရာ ဆောင်ရွက်မှု လုပ်ငန်းများ၌ IDEMIA ကုမ္ပဏီအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက် ပေးနိုင်မည့်အခြေအနေနှင့် ပံ့ပိုးနိုင်မည့် နယ်ပယ်နှင့်ပတ်သက်၍ ပြင်သစ်သံရုံးမှတစ်ဆင့် တင်ပြဆောင်ရွက်သွားမည့် အစီအစဉ်များ ၊ ပြင်သစ်နိုင်ငံမှကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၏ ကဏ္ဍစုံ၌ ပူးပေါင်းကူညီ ဆောင်ရွက်နိုင်ရေးနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက် ပေးနိုင်ရေးအခြေအနေများ၊ မိမိဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် e-ID စနစ်အောင်မြင်ရေးအတွက် ဝန်ထမ်းများအား နည်းပညာဆိုင်ရာသင်တန်းများ ပံ့ပိုးပေးနိုင်ရေးနှင့် အနာဂတ်တွင် နည်းပညာဆိုင်ရာကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

a

 

(သတင်းစဉ်)