နေပြည်တော်  ၆   ဖေဖော်ဝါရီ

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဖေဖော်ဝါရီ ၃ ရက်မှ ၄  ရက်အထိ United Nations Conference on Trade and Development (UNCTAD) နှင့် Transnational Alliance to Combat Illicit Trade (TRACIT)မှ ပူးပေါင်းကြီးမှူးပြီး ကျင်းပသည့် Illicit Trade Forum သို့ တက်ရောက်သည်။

 

ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၃) ရက် နံနက် ၁၀  နာရီတွင် ဂျီနီဗာမြို့ ကုလသမဂ္ဂ အဆောက်အဦအတွင်းရှိ Room XXVI, Palais des Nations ၌ ကျင်းပခဲ့ရာ Dr. Mukhisa Kituyi, Secretary General of UNCTAD၊ Mr. Jeffey Hardy, Director General, Transnational Alliance to Combat Illicit Trade (TRACIT) တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်ပြီး Keynote Speech ပြောကြားသည်။ ညနေပိုင်းတွင် ဖိုရမ်အား ပူးတွဲကျင်းပခဲ့သည့် UNCTAD နှင့် TRACIT တို့က တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်သည်။

 

အဆိုပါဖိုရမ်သို့ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာအဖွဲ့ရုံးများမှ အမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီးများ၊ နိုင်ငံပေါင်း ၅၀ ကျော်မှ ဖိတ်ကြားထားသော အဆင့်မြင့်အစိုးရ ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဖေဖော်ဝါရီ (၄) ရက်နံနက်ပိုင်းတွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ Inter-national Trade Center (ITC) မှ Executive Director ad interim ဖြစ်သူ Ms. Dorothy Ng’ ambi Tembo နှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့ကြရာ မြန်မာနိုင်ငံမှ International Trade Center နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ Enhanced Integrated Framework(EIF) အတွင်းရေးမှူးအဖွဲ့မှ Deputy Executive Director ဖြစ်သူ Ms. Ssemuwemba နှင့် Mr. Simon Hess တို့အား ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီးနှင့်အတူ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ EIF အစီအစဉ်အရဆောင်ရွက်လျက်ရှိသော Myanmar Services Trade Enhancement Project(M-STEP) ဆိုင်ရာ တိုးတက်မှုအခြေနေများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ မှ Trade Policy Review Division ၏ အကြီးအမှူး Mr. Willy Alfaro၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်သံမှူးများဖြစ်သော Mr. Hayafuji Masahiro နှင့် Mr. Usman Ali Khilji တို့အား ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် လက်ခံတွေ့ဆုံခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ကျင်းပရန်ရှိသည့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် မြောက်ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်း (Myanmar’s Second Trade Policy Review) အောင် မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)