နေပြည်တော်  ၆  ဖေဖော်ဝါရီ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ JICA ODA Loan ဖြင့် ဆောင်ရွက်လျက်ရှိသော အရှေ့ - အနောက် စီးပွားရေးစင်္ကြံန်လမ်းမကြီးပေါ်ရှိ တံတား(၃)စင်း အဆင့်မြှင့်တည်ဆောက်ခြင်းစီမံကိန်း၏ Package-2 ဖြစ်သော ဂျိုင်း(ဇာသပြင်)တံတားနှင့် ဂျိုင်း(အတ္ထရံ)တံတား တည်ဆောက်ရေးလုပ်ငန်းအတွက် ကန်ထရိုက်တာ စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊  JICA  Myanmar  Office  မှ  Chief  Representative, Mr. Masayuki KARASAWA နှင့် တာဝန်ရှိသူများ၊ IHI Infrastructure System Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က အဖွင့်အမှာစကားပြောကြားသည်။

 

ယင်းနောက် JICA Myanmar Office မှ Chief  Representative, Mr. Masayuki KARASAWA က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့နောက် အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်ရှိ Package-2 ဖြစ်သော ဂျိုင်း(ဇာသပြင်)တံတား နှင့် ဂျိုင်း(အတ္ထရံ)တံတားတို့အတွက် တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရွှေလေးနှင့် IHI Infrastructure System Co.,Ltd မှ President,  Mr. Susumu ISHIHARA တို့က ဒုတိယဝန်ကြီး ရှေ့မှောက်တွင် စာချုပ်များအား လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြသည်။

 

တံတားဦးစီးဌာနမှ နိုင်ငံခြားချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော အရှေ့ - အနောက် စင်္ကြံလမ်းမကြီးပေါ်ရှိဂျိုင်း(ကော့ကရိတ်) တံတား၊ ဂျိုင်း(ဇာသပြင်)တံတားနှင့် အတ္ထရံတံတား တည်ဆောက်ခြင်းစီမံကိန်းအား JICA ODA ချေးငွေ ဂျပန်ယန်း ၃၃၈၆၉ သန်းဖြင့် ဆောင်ရွက်ရန် ၂၀၁၅ ခုနှစ် အောက်တိုဘာ  ၁၆ ရက်တွင် Loan Agreement လက်မှတ် ရေးထိုးခဲ့သည်။ JV of Central Consultant Inc နှင့် Consultant Contract အား ၂၀၁၇ မတ် ၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ Package – 1 ဖြစ်သော ဂျိုင်း(ကော့ကရိတ်)တံတား၏ တည်ဆောက်ရေးအတွက် Hazama Ando and P.S  Mitsubishi  Construction  Co.,  Ltd    နှင့်   Contract    Agreement   အား   ၂၀၁၉ ခုနှစ် မတ် ၁၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ Package-2 ဖြစ်သော ဂျိုင်း(ဇာသပြင်)တံတား နှင့် ဂျိုင်း(အတ္ထရံ)တံတား တည်ဆောက်ရေးလုပ်ငန်းအတွက် IHI Infrastructure System Co.,Ltd နှင့် ယနေ့တွင် လက်မှတ်ရေးထိုးခြင်းဖြစ်ပြီး တည်ဆောက်ရေးကာလမှာ (၄၅) လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်