ဆိုးလ် ဖေဖော်ဝါရီ

 

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင်  ကိုရီးယား စစ်သမိုင်းပြတိုက်အား ကြည့်ရှုလေ့လာပြီး ကိုရီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံသည်။

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အဖွဲ့ဝင်များနှင့်အတူ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ကိုရီးယား စစ်သမိုင်းပြတိုက်သို့ ရောက်ရှိရာ ပြတိုက်အကြီးအကဲ မစ္စတာ လီဆန်းချွဲ က ကြိုဆိုနှုတ်ဆက်သည်။

 

ထို့နောက်  ဒုတိယသမ္မတသည် ပြတိုက်ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေး ထိုးသည်။

 

ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြတိုက်အကြီးအကဲနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စစ်သမိုင်းပြတိုက်အတွင်း လှည့်လည် ကြည့်ရှုလေ့လာရာ ပြတိုက်ဘာသာပြန် မစ္စ ကင်မ်ဆောင်းမင်းက လိုက်လံရှင်းလင်းပြသည်။

 

aadds

 

ဒေသစံတော်ချိန် ညနေ နာရီတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကိုရီးယား သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ချွန်းဆယ်ဂျောင်းနှင့်  ကိုရီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ်ရုံး ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။

 

 

တွေ့ဆုံစဉ် မြန်မာ - ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် ယဉ်ကျေးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကိုရီးယားနိုင်ငံ၌  မြန်မာနိုင်ငံသား အလုပ်သမားများ အလုပ်အကိုင် ပိုမိုရရှိရေး၊ ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

gedr

 

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နေအိမ်သို့ရောက်ရှိပြီး ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်ကတည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။ 

 သတင်းစဉ်