ရန်ကုန်    ဖေဖော်ဝါရီ

 

ဆဋ္ဌမအကြိမ်မြောက် မြန်မာစားသောက်ကုန်ကုန်စည် ၂၀၂၀ ပြပွဲအား ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်နေ့ထိ ရန်ကုန်မြို့ Fortune Plaza ရှိ Myanmar Expo တွင်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

 

ပြည်တွင်းရှိ စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်းပြည်ပမှ ထုတ်လုပ်သော စားသောက်ကုန်များအား တစ်စုတစ်စည်းတည်း နိုင်ငံတကာအဆင့်မီပြသနိုင်ရန်၊ ပြည်တွင်းပြည်ပ စားသောက်ကုန်များကို ပိုမိုသိရှိလာစေရန်၊ လုပ်ငန်းရှင်အချင်းချင်း စီးပွားရေး ဆက်သွယ်မှုရရှိနိုင်ရေးနှင့် ဈေးကွက်များ ချဲ့ထွင်နိုင်စေရန်၊ စားသောက်ကုန်ထုတ်လုပ်သည့် နည်းပညာများနှင့် ခေတ်မီစက်ရိယာများ၏ နည်းပညာအဆင့်အတန်းများကို လေ့လာခြင်းဖြင့် ထုတ်လုပ်သောကုန်ပစ္စည်းများ၏ စံချိန်စံညွှန်းများ မြင့်မားလာစေရန်စသော ရည်ရွယ်ချက်ဖြင့် စားသောက်ကုန်ကုန်စည်ပြပွဲကို ကျင်းပခြင်းဖြစ်ပြီး အဆိုပါပြပွဲတွင် စားသောက်ကုန်အမျိုးမျိုး၊ စက်ပစ္စည်းအမျိုးမျိုး၊ ထုတ်ပိုးပစ္စည်းအမျိုးမျိုး၊ စားသောက်ကုန်သုံးဖြည့်စွက် ဓာတုပစ္စည်းအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးနှင့် တိုင်းရင်းဆေးများကို ပြသသွားမည်ဖြစ်သည်။

 

မြန်မာစားသောက်ကုန် ကုန်စည်ပြပွဲတွင် ပြည်သူ()သောင်းကျော် လာရောက်ကြည့်ရှုနိုင်ရန် ကုမ္ပဏီပေါင်း(၁၀၀)ကျော်မှ ဆိုင်ခန်းပေါင်း(၂၀၀)ကျော်ကို ပြသသွားမည်ဖြစ်ကြောင်း၊ ပြပွဲ၌ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမည့်လုပ်ငန်းများ၊ စားသောက်ကုန်ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Supporting Industry လုပ်ငန်းများ၊ ပြည်တွင်းပြည်ပမှထုတ်လုပ်၊ တင်သွင်း၊တင်ပို့ သည့်လုပ်ငန်းများ၊ နည်းပညာနှင့် အကြံပေး လုပ်ငန်းများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ၊ Production Promotion Promotion Conference Business to Consumer Business Matching Seminar,Workshop and Forum စသောကဏ္ဍများလည်း ပါဝင်သည်။

 

မိမိတို့၏ စားသောက်ကုန်ပစ္စည်းများကို နိုင်ငံတကာသို့ လွယ်ကူစွာ တင်ပို့ရောင်းချနိုင်မည့်အပြင် ရောင်းလိုအားနှှင့် ဝယ်လိုအား နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းမှုကို ထိုစားသောက်ကုန် ကုန်စည်ပြပွဲမှ ရရှိစေမည်ဖြစ်ပြီး စားသောက်ကုန်များအားတစ် နေရာတည်းတွင် တစ်စုတစ်ဝေးတည်း လေ့လာနိုင်မှုနှင့်အတူ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ရာ အဆိုပါပြပွဲ၌ လာရောက်လေ့လာကြည့်ရှုသော ပြည်သူတို့ကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။

 

သန်းထိုက်

ဓာတ်ပုံ - သန်းစိုး