ကွမ်းခြံကုန်း ၇ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကမာပါကျေးရွာရှိ UP စက်သုံးဆီ အရောင်းဆိုင်အား ယမန်နေ့မနက်ပိုင်းက သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့သည်။

စစ်ဆေး ဆောင်ရွက်မှုကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်သူထိုက်ခေါင်းဆောင်၍ တပ်ဖွဲ့ဝင်(၆)ဦးမီးငြှိမ်းသတ်ယာဉ် (၁)စီးဖြင့် စက်သုံးဆီဆိုင်ပိုင်ရှင်နှင့်အတူ အရောင်းဆိုင်မှဝန်ထမ်းများအား (Foam)ဆေးရည် အသုံးပြုနည်းများ၊ မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းများ၊ မီးအတန်း အစားအလိုက် မီးငြှိမ်းသတ် နည်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ရွှေခြံမြေ)