စဉ့်ကူး ၇ ဖေဖော်ဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီသီးနှံဌာနခွဲ၊ ခတက်ချဉ်စိုက်ကွင်း၏ ၂၀၁၉-၂၀၂၀ စိုက်ပျိုးရာသီ ပဲကြီးသုတေသနစိုက်ကွက်၊ စံပြစိုက်ကွက်၊ သုတေသနစိုက်ကွက်များ အောင်မြင်ဖြစ်ထွန်းမှု တောင်သူကွင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၀ နာရီက ခတက်ချဉ်စိုက်ကွင်း သုတေသနစိုက်ကွက် မယ်ဇလီတန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်သူကွင်းသရုပ်ပြပွဲတွင် ခတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်းက အမှာစကား ပြောကြားပြီး ပြင်ဦးလွင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့တာဝန်ခံ ဒေါ်မြင့်မြင့်မှုက သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်မျိုးသန့် ထုတ်လုပ်ရေး အကြောင်းကိုလည်းကောင်း၊ ခတက်ချဉ်စိုက်ကွင်းမှူး ဦးလှသောင်းမှ ၂၀၁၉-၂၀၂၀ စိုက်ပျိုရာသီ မျိုးစေ့ထုတ်စိုက်ကွက်၊ သုတေသ နစံပြစိုက်ကွက်များ အောင်မြင့်ဖြစ်ထွန်းမှု အခြေအနေကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို မေးမြန် ဆွေးနွေးကြပြီး မျိုးထုတ်စိုက်ကွက်များ စိုက်ပျိုးထားသည့် ပဲကြီးစံပြစိုက်ကွက်၊ သုတေသန စိုက်ကွက်နှင့် ဝါမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)