လဲချား ၇ ဖေဖော်ဝါရီ
(၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ် သီရိဟံသာခန်းမတွင် ယနေ့ နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား မြို့နယ် ဒုတိယဦးစီးမှူး ဦးအောင်ရဲသွင်က ဖတ်ကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံမှ (၇၃) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား လဲချားမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ အဖွဲ့ဝင် ဦးစိုင်းသန်းစိန်က ဖတ်ကြားခဲ့ကြသည်။

အဆိုပါ (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)