ပြည်  ၇  ဖေဖော်ဝါရီ

 

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့ရှိ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ (၁၅) ကြိမ်မြောက်ထမနဲထိုး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ကျင်းပပြုလုပ်သည် ။

 

2

 

ရှေးဦးစွာ ပြည်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသွယ်လင်းကိုကပြိုင်ပွဲစည်းကမ်းချက်များကို ပြောကြားသည်။ ယင်းနောက်ပြိုင်ပွဲဝင် အသင်းများအား မဲစနစ်ဖြင့် ပြိုင်ပွဲဝင် မီးဖိုအမှတ် ရွေးချယ်သတ်မှတ်ခြင်းများ ပြုလုပ်ပြီး ပြိုင်ပွဲဝင်အသင်းများ သတ်မှတ်နေရာယူကြသည်။ ထို့နောက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှုး ဦးဉာဏ်ဇော်ပြိုင်ပွဲကို မောင်းတီး၍ ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်များမှ တပျော်တပါးဖြင့် ထမနဲထိုးယှဉ်ပြိုင်ခဲ့ကြသည်။

 

6

 

အဆိုပါ ထမနဲပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ ဘုရားအမှုးပြုသော သံဃာတော်ရှင်သူမြတ်တို့အား ထမနဲ ဆွမ်းဆက်ကပ်လှူဒါန်း ရည်ရွယ်၍ ပြုလုပ်ကျင်းပပေးရခြင်းဖြစ်ကြောင်း ရွှေဆံတော် အလှည့်ကျ ဂေါပက တစ်ဦးကပြောသည်။

 

635

 

အဆိုပါပြိုင်ပွဲတွင် မဟာဗောဓိအသင်း ၊ ဗုဒ္ဓဝေယျာဝဇ္ဇအသင်း ၊ သာသနာနုဂ္ဂဟအသင်း ၊ ဘုရားကြီး ဝန်ထမ်းအသင်း ၊ မြတ်စွယ်တော်အသင်း ၊ ဝါတွင်းနိဗ္ဗာန်ဆော်အသင်း ၊ ဗုဒ္ဓပူဇနိယအသင်းတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ထို့နောက် ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ဒိုင်ချုပ်ဖြစ်သော ဒုတိယ ပါမောက္ခချုပ်မှ ရွေးချယ်ပုံစည်းကမ်းဥပဒေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆုရရှိကြသော အဖွဲ့များအား တစ်ဖွဲ့ချင်းတာဝန်ရှိသူများက ဆုများကိုပေးအပ်ချီးမြှင့်ပြီး ဒိုင်အဖွဲ့အားဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့သည်။ ၎င်းနောက်ဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျ ဂေါပကဦးသိန်းတန်က နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

မင်းမင်းစိုး (ပြည်)

 

3