လွိုင်ကော်     ၈   ဖေဖော်ဝါရီ   

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဆုတောင်းပြည့် မဟာမြတ်မုနိ မိုးကောင်းဘုရားကြီး ဂန္ဓကုဋီတိုက် အာရုံခံတန်ဆောင်းတော်သစ်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ၊ နံနက် ၉  နာရီအချိန်က အဆိုပါနေရာ၌ ကျင်းပသည်။ 

ရှေးဉီးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဉီးမော်မော် ၊ ပြည်နယ်ဉပဒေချုပ် ဉီးစိုင်းကျော်ဇံ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ ၊ သီဟသုဓ္မမဏိဇောတဓရ ဉီးကြည်စိုး ၊ ဂေါပကအဖွဲ့မှ ဉီးသန်းမောင်တို့က မင်္ဂလာအချိန်ကျရောက်သည်နှင့်တစ်ပြိုင်နက် အာရုံခံတန်ဆောင်းတော် သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်ပြီး အာရုံခံတန်ဆောင်းတော်သစ် ကဗ္ဗည်းမော်ကွန်းကျောက်စာအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး  ကဗ္ဗည်းမော်ကွန်း ကျောက်စာကို အမွှေးနံ့သာရည်များပက်ဖြန်းခြင်း၊ ဆရာတော်ဘုရာမှ ဇယန္တောဗောဓိယာမူလေ အောင်ဂါထာ ရွတ်ဖတ်ပူဇော်ခြင်းနှင့် မဟာစည်တော်အဖွဲ့မှ အောင်စည်အောင် မောင်း(၉)ချက် တီးခတ်၍ ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။


ထွန်းလေး