မန္တလေး ၈ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုတက္ကသိုလ် (မန္တလေး) ၏ (၁၉)ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းခန်းမတွင် ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီ တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုပြီး သူနာပြုသစ္စာ အဓိဌာန်(၈)ချက်အား ဘွဲ့ယူမောင်/မယ်များက ရွတ်ဆိုကြသည်။ထို့နောက် သူနာပြုတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် က ဘွဲ့လက်မှတ်များအား ပေးအပ်ချီးမြှင့်ပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် သူနာပြုမဟာသိပ္ပံဘွဲ့(၃၀)၊အထူးပြုသူနာပြုဒီပလိုမာ(၃၁)ဦး၊ သူနာပြု သိပ္ပံဘွဲ့(၄၉၈)ဦးတို့အား ဘွဲ့လက်မှတ်ချီးမြှင့်ပေးအပ်ပြီး ပါရဂူဘွဲ့အဝေးရောက် ဘွဲ့ယူသူ(၃)ဦး၊ သူနာပြုမဟာဘွဲ့ အဝေးရောက်ယူသူ (၄)ဦး၊အထူးပြုသူနာပြုဒီပလိုမာ အဝေးရောက်ယူသူ(၂၁)ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ အဝေးရောက်ယူသူ (၈၆)ဦး အပါအဝင် စုစုပေါင်း (၆၇၃)ဦးဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)