ရေနံချောင်း ၈ ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထိုက်စိုး ဦးဆောင်၍ ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့က မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ယနေ့နံနက် ၉ နာရီခွဲက ရေနံချောင်းမြို့မဈေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါမီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်ရာသို့ ရေနံချောင်းမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောနှင့် ဌာနဆိုင်ရာများ၊ ဈေးသူဈေးသားများက ကြည့်ရှုအားပေးခဲ့သည်။

 

ကိုစိုးကြီး

 

mdn