ပန်တောင်း ၈ ဖေဖော်ဝါရီ
ပဲခူတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့ ဖိုးဦးတောင် စေတီတော်မြတ်ကြီး၌ စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွဋ်တင်မင်္ဂလာပွဲ ဖေဖော်ဝါရီ ၈ ရက် နံနက်၉နာရီတွင် ကျင်းပပြုလုပ်သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဩဝါစရိယ ဆရာတော်ကြီးများထံ ရတနာ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဆပ်ကပ်လှူဒါန်းပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အောင်မြေဘုံဈာန် ဆရာတော် ဘဒ္ဒန္တဝိဇယထံမှ ငါးပါးသီလ ခံယူတော်မူသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက်ဖိုးဦးတောင် စေတီတော် ဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်ကြပြီး၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဩဝါဒစရိယ မြို့နယ်သံဃနာယကဆရာတော် ဘဒ္ဒန္တမဏ္ဏလကထံမှ သာဓုအနုမောဒနာတရား ခံယူတော်မူပြီး၊ ရေစက်သွန်းချ အမျှပေးတော်မူသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံ ပန်းရထားဖြင့် တင်လှူပူဇော်ပြီး ရွှေမိုးငွေမိုးများ ရွာသွန်းကာ အောင်စည်အောင်မောင်း (၉) ချက်တီး၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မင်းမင်းစိုး(ပြည်)