ပန်းတောင်း ၉ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီးအဖွဲ့ ဝန်ကြီးချုပ် ဉီးဝင်းသိန်းသည် တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဉီးအောင်ဇော်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းထွန်းဉီးတို့လိုက်ပါလျက် ယမန်နေ့နံက် ၈ နာရီ အချိန်တွင် ရွာသာယာအုပ်စု ဖိုးဦးတောင် စေတီတော်မြတ်ကြီးသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ယင်းနောက် ဖိုးဉီးတောင်စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ဓမ္မရုံ၌ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာဝင်းမြင့်ချစ်၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဉီးဉာဏ်ဇော်နှင့် ခရိုင်ဌာနဆိုင်ရာ တာဝန်ရှိသူများ တိုင်ဒေသကြီး ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက် ၊မြို့နယ်အုပ်ချုပ်ရေးမှူးဉီးခိုင်ထွန်းနှင့် မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ စေတီတော် မြတ်ကြီး အလည့်ကျဂေါပက ဉီးတင်လှိုင်နှင့် အဖွဲ့ဝင်များနှင့်အတူ ဖိုးဉီးတော်စေတီတော် သြဝါဒစရိယ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဝန်ကြီးချုပ်မှ သာသနာ ရေးဆိုင်ရာများလျှောက်ထားခဲ့ကြောင်း၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် စိန်ဖူးတော် ဌက်မြတ်နားတော်တို့အား ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် (၃) ကြိမ် လှည့်လည်ကာ စေတီ တော်မြတ်ကြီး၌ တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)


